top of page
  • revolterkaung

စစ်ကိုင်းတိုင်းတွင်အလောင်းမင်းတရားအထူးစစ်ဆင်ရေးအမည်ဖြင့်အကြမ်းဖက်စစ်သားများစစ်ရဟတ်များဖြင့်ပို့ဆောင်

ရန်ကုန်၊ အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များကို တိုက်ခိုက်ရန် အလောင်း မင်းတရားအထူးစစ်ဆင်ရေး အမည်ဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ယနေ့ နံနက်ပိုင်း ရဟတ်များဖြင့် ပို့ဆောင်ကြောင်း စစ်ဘက်သတင်းရပ်ကွက်၏ တရားဝင်သတင်းပေ့ချ်ဖြစ်သော သလ္လာရွှေမြေက သတင်းဖော်ပြသည်။

ယနေ့ နံနက်ပိုင်းတွင် စစ်ရဟတ်ယာဉ် ၆ စီးနှင့် တိုက်လေယာဉ်များ တန့်ဆည်နှင့် ကျွန်းလှဘက်သို့ သွားရောက်ပြီး ပစ်ခတ်ခြင်းနှင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများ ချပေးမှု ဆောင်ရွက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကားလမ်းများ အသုံးပြု သွားလာတိုင်း မိုင်းခွဲမှုများ ကြုံတွေ့နေရသဖြင့် ရဟတ်ယာဉ်များကို အသုံးပြု စစ်သားများ သယ်ပို့ဆောင်ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်တချို့က သုံးသပ်ပြောဆိုသည်။





0 views0 comments

Commenti


bottom of page