top of page
  • revolterkaung

ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိ အတိုးမဲ့ ငွေတိုက်စာချုပ်များ NUG ထုတ်ရောင်းမည်

အောက်တိုဘာ ၂၇၊ ၂၀၂၁

အမေရိကန်ဒေါ်လာ ၁ ဘီလီယံ(သန်းတထောင်) တန်ဖိုးနှင့် ညီမျှသည့် အတိုးမဲ့ အထူး ငွေတိုက်စာချုပ်များ ထုတ်ရောင်းမည် ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ယနေ့လက်မှတ်ရေးထိုး ကြေညာလိုက်သည်။

အထူး ငွေတိုက်စာချုပ်များ၏ သက်တမ်းမှာ ၂ နှစ်ဖြစ်ပြီး စတင် ရောင်းချမည့်နေ့ရက်နှင့် ဝယ်ယူရမည့်နည်းလမ်းများအား ထပ်မံ၍ ကြိုတင်ကြေညာပေးမည်ဖြစ် သည်။

မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် အပြီးတိုင် ပျောက်ကွယ်ချုပ်ငြိမ်းသွားစေရေးကို ပြင်းပြသော ဆန္ဒနှင့် လိုလား တောင့်တလျှက်ရှိသူတိုင်း နွေဦးတော်လှန်ရေးအထူးငွေတိုက်စာချုပ်များကို တော်လှန်ရေးအောင်စိတ်ဖြင့် မဖြစ်မနေ ဝယ်ယူကြပါရန် လေးနက်စွာ မေတ္တာ ရပ်ခံ တိုက်တွန်းကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုထားသည်။ Irrawaddy

0 views0 comments

Comments


bottom of page