top of page
  • revolterkaung

စစ်ကောင်စီချိတ်ပိတ်ထားတဲ့မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD )တိုင်းရုံးဗုံးဖောက်ခွဲခံရ

စစ်ကောင်စီကချိတ်ပိတ်ထားတဲ့မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD )တိုင်းရုံးသည် ယမန်နေ့ည သန်းခေါင်ယံအချိန်က ဗုံးဖောက်ခွဲခံခဲ့ရကြောင်းသိရသည်။ အဆိုပါတိုင်းရုံးကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလအာဏာစသိမ်းချိန်မှာပဲ စစ်ကောင်စီကချိတ်ပိတ်သွားခဲ့ခြင်းဖြစ်သည်။ "ချိတ်ပိတ်ထားတဲ့ရုံးကိုအတွင်းထဲကနေ ဖောက်ခွဲသွားတာ။ဘယ်သူလုပ်မလဲစဥ်းစားနေစရာတောင်မလိုဘူး"ဟု NLDပါတီဝင်တစ်ဦးကဆိုသည်။ မနေ့ညအစောပိုင်းက စစ်ကောင်စီနဲ့ဆက်စပ်နေရာတချို့နဲ့ ဘဏ်ငွေထုတ်စက်(ATM )တချို့ဖောက်ခွဲခံခဲ့ရပြီးနောက် ညမထွက်ရအမိန့်သတ်မှတ်ထားတဲ့ ၁၂နာရီအကျော်မှာ NLDတိုင်းရုံးဖောက်ခွဲခံခဲ့ရခြင်းဖြစ်သည်။ ညပိုင်းဖောက်ခွဲမှုတွေဖြစ်ပေါ်ခဲ့သည့်မန္တလေးမြို့မှာ ယနေ့မနက်ပိုင်းမှာစစ်ကောင်စီရဲ့ စစ်ဆေးမှုများပိုမိုများပြားလာပြီး စက်မှုမြို့သစ်ဘက်မှာ စစ်ကောင်စီတပ်သားတွေသေနတ်ပစ်ဖောက်ဆဲဆိုနေကြောင်းသိရသည်။ Mizzima


0 views0 comments

Comments


bottom of page